လေ့ကျင့်ကြိုးစား ကိုယ့်ကျင့်တရား ကရားတေးဒိုရဲ့ အခြေခံများ

News & Events

နွေရာသီအခြေခံကရာတေးသင်တန်းများ

နွေရာသီအခြေခံကရာတေးသင်တန်းများ

မြန်မာနိုင်ငံတဝှမ်း ကရာတေးအားကစားနည်း ပြန့်ပွါးတိုးတက်စေရေးနှင့် နိုင်ငံတကာပြိုင်ပွဲများမှာ မြန်မာ့ဂုဏ်ဆောင် ထူးချွန်စွာအောင်မြင်မှုများ ရရှိနိုင်စေရေး ရည်မှန်းချက်များဖြင့် အဖွဲ့ချုပ်ရဲ့ လေ့ကျင့်ရေးစခန်းမှာ ကျောင်းသားကျောင်းသူ၊ ကရာတေးအားကစားစိတ်ဝင်စားသူများအနေဖြင့် နွေရာသီပုံမှန်ကရာတေးသင်တန်းများအား အဆင်ပြေသည့်လေ့ကျင့်ချိန်များအတိုင်း ရွေးချယ်သင်ကြားနိုင်ကြပါစေရန် ခင်မင်နွေးထွေးစွာ ဖိတ်ကြားအသိပေးအပ်ပါတယ်

Image
မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်က ကြီးကြပ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကရာတေးသင်တန်းများ (အောင်ဆန်းလေ့ကျင့်ရေးစခန်း)အား မြန်မာ့လက်ရွေးစင်ဟောင်း အတွေ့အကြုံရင့် ကရာတေးနည်းပြဆရာ/ဆရာမများက ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာ့ကရာတေးအဖွဲ့ချုပ် (WKF)ရဲ့ နည်းစနစ်နှင့် နည်းဥပဒေများအတိုင်း အတိအကျလိုက်န သင်ကြားပေးပါမည်။ အခြေခံသင်တန်းပြီးဆုံး၍ စာမေးပွဲဖြေဆိုအောင်မြင်သူများအား မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပါမည်။ အလားအလာရှိပြီး စိတ်ဝင်စားသူများအနေဖြင့် နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်သည်အထိ ရည်မှန်းချက်ထားပြီး ဆက်လက်လေ့ကျင့်သွားနိုင်ပါမည်။ (၂၇-၂-၂၀၂၃) မှစတင်၍ ရုံးချိန်အတွင်း ဆက်သွယ်စာရင်းပေးသွင်း ဝင်ခွင့်လျှောက်လွှာတင်နိုင်ရန်~ ဒေါ်သူဇာငွေ (09 254 274 828) ဦးထွန်းဇော် (09 253 306 306) အောင်ဆန်းကရာတေး လေ့ကျင့်ရေးစခန်း၊ အထူးတန်းဝင်ပေါက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

Related Articles

Address