လေ့ကျင့်ကြိုးစား ကိုယ့်ကျင့်တရား ကရားတေးဒိုရဲ့ အခြေခံများ

News & Events

MKF 2023 Annual Activities

MKF 2023 Annual Activities

အခက်အခဲများကြားထဲက စခန်းသွင်းလေ့ကျင့်ပေးနိုင်ရေးအတွက် လက်ရည်စစ်ပြိုင်ပွဲများအား ဇန္နဝါရီလ (၅-၆)ရက်များတွင် Senior(သက်ကြီးတန်း)ပြိုင်ပွဲများအားလည်းကောင်း၊ ဇွန်လ (၂၅)ရက်နေ့တွင် Junior & Cadet(သက်ငယ်တန်းနှင့် သက်လတ်တန်း)ပြိုင်ပွဲများအားလည်းကောင်း အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး၊ ၂၀၂၅ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အကြိုစခန်းသွင်း လူစာရင်းအား လျာထားထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။

မျိုးဆက်သစ်ကရာတေးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများသို့ စခန်းသွင်းလက်ရည်စစ်ရွေးချယ်စေလွှတ်နိုင်ရန် ရည်ရွယ်၍ နည်းပြ/ဒိုင် မွမ်းမံသင်တန်း(၁/၂၀၂၃)အား မန္တလေးမြို့တွင် ဧပြီလ(၂၉)ရက်မှ မေလ(၁)ရက်အထိလည်းကောင်း၊ နည်းပြ Level-1&2နှင့် ဒိုင်အဆင့်တိုးသင်တန်း(၂/၂၀၂၃)အား ရန်ကုန်မြို့တွင် နိုဝင်ဘာလ(၃၀)ရက်မှ ဒီဇင်ဘာလ(၃)ရက်အထိလည်းကောင်း အောင်မြင်ထိရောက်စွာ ကျင်းပဖွင့်လှစ်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ကရာတေးအဖွဲ့ချုပ်(WKF)၊ အာရှကရာတေးအဖွဲ့ချုပ်(AKF)နှင့် အရှေ့တောင်အာရှကရာတေးအဖွဲ့ချုပ်(SEAKF)များသို့ အသင်းဝင်ကြေးများ နှစ်စဉ်ပေးသွင်းဆက်သွယ်ဆောင်ရွက်လျက်ရှိသကဲ့သို့ WKF ၏ Webinars အစည်းအဝေးများ၊ AKF ၏ Congress နှင့် EC Election များအား ကိုယ်တိုင်တက်ရောက်ခဲ့သည့်အပြင်၊ ဇူလိုင်လ (၂၁-၂၃)ရက်များတွင် မလေးရှားနိုင်ငံ၊ မလကာမြို့၌ကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအဆင့်ကရာတေးပြိုင်ပွဲနှင့် စက်တင်ဘာလ (၆-၉)ရက်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးကျင်းပခဲ့သည့် Thailand Open 2023 ကရာတေးပြိုင်ပွဲများသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Image
Image
Image

Related Articles

Address