လေ့ကျင့်ကြိုးစား ကိုယ့်ကျင့်တရား ကရားတေးဒိုရဲ့ အခြေခံများ

Announcements

နွေရာသီအခြေခံကရာတေးသင်တန်း (အပတ်စဉ်-၀၁/၂၄)

Image

မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်မည့် နွေရာသီအခြေခံကရာတေးသင်တန်း (အပတ်စဉ်-၀၁/၂၄)အား ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ အထူးတန်းဝင်ပေါက်ရှိ အောင်ဆန်းကရာတေးလေ့ကျင့်ရေးခန်းမ၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်မှ မတ်လ (၂၉)ရက်ထိ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် မြန်မာ့လက်ရွေးစင်နည်းပြများက ကြီးကြပ်သင်ကြားပြသပေးမည်ဖြစ်ပါသည်။

သင်တန်းတက်ရောက်လိုသည့် ကရာတေးဝါသနာရှင်မောင်မယ်များသည် အောက်ဖော်ပြပါအတိုင်း စာရင်းပေးသွင်းလေ့ကျင့်ကစားနိုင်မည်ဖြစ်ပါသည်-

  • ၁။ အသက် (၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်၊
  • ၂။ သင်တန်းကြေး ကျပ်တစ်သောင်း (ကျပ် ၁၀၀၀၀/-) ပေးသွင်းရမည်၊(လိုင်စင်ဓါတ်ပုံ ၂-ပုံယူဆောင်ခဲ့ပါရန်)
  • ၃။ အားကစားလှုပ်ရှားရန်သင့်တော်သော ဝတ်စုံဖြင့် လေ့ကျင့်ကစားနိုင်သည်၊ (နွေရာသီအဆင့်မြင့်သင်တန်းသို့ ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက ကရာတေးဝတ်စုံ မှာယူချုပ်လုပ်ဝတ်ဆင်သင့်ပါသည်)

ရုံးချိန်အတွင်းဆက်သွယ်ရန်-

-ဆရာဦးထွန်းဇော် (၀၉ ၂၅၃ ၃၀၆ ၃၀၆)

-ဆရာမဒေါ်သဇင်အေး (၀၉ ၄၂၁၁ ၇၀၀၂၇)

-မသူဇာငွေ (၀၉ ၂၅၄ ၂၇၄ ၈၂၈)

Related Articles

Address